ရန်ကုန်၊ နိုဝင်ဘာ ၆
၂၀၂၄ ခုနှစ် တောင်ကြီးမြို့တန် ဆောင်တိုင်ပွဲတော်ရက်များအတွင်း မီးပုံးပျံ အလုံးရေ ၂၅၀ ကျော် လွှတ်တင်သွားမည်ဖြစ်ကြောင်း ရိုးရာမီးပုံးပျံပွဲတော် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီမှ သိရသည်။
ယခုနှစ် တောင်ကြီးတန်ဆောင် တိုင်ပွဲတော်တွင် လွှတ်တင်မည့် မီးပုံးပျံအရေအတွက်နှင့် အမျိုးအစားများမှာ ညမီးကျည် စုစုပေါင်း ၃၆ လုံး၊ စိန်နားပန် ၂၄ လုံးဖြင့် ညလွှတ်မီးပုံးပျံ စုစုပေါင်း အလုံး ၅၀ လွှတ် တင်မည်ဖြစ်သည်။ နေ့လွှတ် အစီအစဉ်တွင် အရုပ်ခြေနှစ်ချောင်းမီးပုံးပျံ စုစုပေါင်း ၁၄၇ လုံး၊ အရုပ်ခြေလေးချောင်း စုစုပေါင်းအလုံး ၄၀ ၊ အရုပ်အုပ်စု ၂၂ ကောင် လွှတ်တင်မည် ဖြစ်ပြီး စုစုပေါင်း မီးပုံးပျံအရေအတွက် ၂၅၉ လုံးလွှတ်တင်မည်ဖြစ်ကြောင်း သိရသည်။ ပွဲတော်အစီအစဉ်အရ ညလွှတ်အစီအစဉ်ကို ညနေ ၆ နာရီမှ ပွဲစဉ်ဇယား ပြီးဆုံးချိန်ထိ တစ်ညလျှင် ခုနစ်လုံးနှင့် ခြောက်လုံး လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ နေ့လွှတ် အစီအစဉ်အရ နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်အထိ တစ်နေ့လျှင် အနည်းဆုံး ၃၅ လုံး လွှတ်တင်သွားမည်ဖြစ်ပြီး ပွဲချိန်မှာ မွန်းလွဲ ၁၂ နာရီမှ ညနေ ၄ နာရီခွဲထိဖြစ်ကြောင်း သိရသည်။
"ဒီနှစ်ကတော့ ကျွန်တော်တို့ မီးပုံးပျံပညာရှင် ဒိုင်အဖွဲ့ကနေပြီးတော့မှ မီးပုံး ပျံမှိုင်းခံက ၂၀ မှတ်၊ ပုံသဏ္ဌာန်က ၂၀ မှတ်၊ ကောင်းကင်စံချိန်က ၂၀ မှတ်၊ ညမီးပုံးပျံ စိန်နားပန်နဲ့ မီးကျည်အတွက် စက္ခုပသာဒပေးတဲ့ အမှတ်က ၄၀ ပေါ့။ ပြီးတော့ စည်းကမ်းအမှတ်က အမှတ် ၂၀ ပေးပါ့မယ်။ အား လုံးပေါင်း ညမီးတွေမှာ စုစုပေါင်းအမှတ် ၁၂၀ ပေးပါ့မယ်။ နေ့လွှတ်မှာတော့ မှိုင်းခံ ၂၀၊ ပုံသဏ္ဌာန်က ၂၀၊ ကောင်းကင်စံချိန်က ၂၀၊ သဘာဝရုပ်လုံးက ၄၀ စုစုပေါင်း အမှတ်ပေးစည်းမျဉ်းအရ အမှတ် ၁၀၀ ပေးဖို့ သတ်မှတ်ထားပါတယ်"ဟု ရိုးရာမီးပုံးပျံပွဲတော် လုပ်ငန်းကျင်းပရေး လုပ်ငန်းကော်မတီ တာ ဝန်ရှိသူ ဦးစိုင်းအောင်မျိုးက ပြောသည်။
၂၀၂၄ ခုနှစ် တောင်ကြီးမြို့တန် ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲအား နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ နေ့ လွှတ်အရုပ်ပြိုင်ပွဲ အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေလေးချောင်း အရုပ်အုပ်စုများ၊ ည လွှတ်ပြိုင်ပွဲတွင် ညမီးကြီးမီးပုံးပျံ စိန်နားပန် မီးပုံးပျံတို့အား အဝေရာ မီးပုံးပျံကွင်းတွင် ခုနစ်ရက်တိုင် စည်ကား သိုက်မြိုက်စွာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ထူးမြတ်