ဒေါ်စန္ဒာမင်း တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လသာမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၄
    ဒေါ်စန္ဒာမင်း တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
    "ကျွန်မအနေနဲ့ကတော့ လသာမြို့နယ်ကနေပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ"ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
    ဒေါ်စန္ဒာမင်းက "ကျွန်မတို့က နိုင်ငံရေးသမား ဖြစ်တယ်။ စိတ်ဓာတ်ကျတဲ့အခါလည်း ရှိတယ်။ အောင်မြင်တဲ့အခါလည်း ရှိပါတယ်။ အောင်မြင်မှု၊ ကျရှုံးမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့က နိုင်ငံရေး သမားတွေဖြစ်တယ်။ တိုင်းပြည်ပေါ်မှာ စေတနာအစစ်အမှန်ထားတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့စိတ် ဓာတ်က တိုင်းပြည်ကို အကျိုးပြုချင်တယ်။ တိုင်းပြည်အပေါ်မှ ာစေတနာထားပြီး ဆက်လုပ်ချင်တယ်။ ဆက် လုပ်ဖို့ဆိုတဲ့ဆန္ဒက အမြဲရှိပါတယ်။ တစ်ခါတလေ ကျွန်မတို့ရဲ့စေတနာတွေ နားလည်မှုတွေလွဲတဲ့အခါ စိတ်ဓာတ်ကျတယ်။ ဒါပေမဲ့ ကျွန်မက နိုင်ငံရေးသမား အစစ်ဖြစ်တဲ့အတွက် လုပ်စားသော နိုင်ငံရေးသမားမဟုတ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကောင်းစားဖို့၊ ကိုယ့်တိုင်းပြည် အကျိုးရှိတဲ့ နိုင်ငံရေးကို အမြဲ တမ်းဆက်လုပ်နေဦးမှာပဲ"ဟု ဒေါ်စန္ဒာမင်းကပြောသည်။
    ထို့အပြင် လသာမြို့နယ်အတွင်းက ပြည်သူလူထု၏ တောင်းဆိုချက်အရ လသာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ဒေါ်စန္ဒာမင်းသည် NLD ပါတီတွင် ဗဟိုကော်မတီဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပါတီဖျက် သိမ်းခံရပြီး နောက် NDF ပါတီသို့ ဝင်ရောက်ကာ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
    အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)အပါအဝင် နိုင်ငံရေးပါတီလေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုထားခြင်းကို ပယ်ဖျက်ပြီး ပါတီများအား ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၉၅/၂၀၂၅) ဖြင့် စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ်(၉)နှင့် (၁၀)အရ သတ်မှတ်ရက်ဖြစ်သည့် ၇-၉-၂၀၂၅ ရက်အထိ ပုဒ်မ ၅ ပုဒ်မခွဲ(စ)ပါ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီသည့်အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ထူးမြတ်

Total Views ~ 37

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.