ရန်ကုန်၊ ဒီဇင်ဘာ ၂
နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်ခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရသည် Lumbini Buddhist University ၌ ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်နိကာယ သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်၊ ဒေါက်တာအရှင်ဉာဏိဿရသည် နီပေါနိုင်ငံ ဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံသို့ ကြွရောက်ရာတွင် ဆရာ တော်ကြီး၏ ခရီးစဉ်တစ်လျှောက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာသံရုံး၊ ခတ္တမန္ဒူမြို့မှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက ဆရာ တော်ကြီးနှင့်အတူ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတဂူဆရာတော်ကြီးသည် ကြွရောက်ခဲ့သည့်ခရီးစဉ်အတွင်း ခတ္တမန္ဒူမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ကန်းအစုံ ၁၀၀ လှူဒါန်းခဲ့ပြီး ခတ္တမန္ဒူမြို့အတွင်း ထင်ရှားသည့် Swayambu Temple သို့ သွားရောက်ခဲ့သည်။ နိုဝင်ဘာ ၂၉ ရက်တွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်ရှိ Lumbini Buddhist University တွင် ကျင်းပခဲ့သည့် 3rd Convocation of Lumbini Buddhist University and 20th University Day အခမ်းအနားသို့ နီပေါနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်ခဲ့သည်။ လုမ္ဗိနီတွင် သီတင်းသုံးနေစဉ် လုမ္ဗိနီဥယျာဉ်အတွင်း မယ်တော်မာယာကျောင်းဝင်းသို့ သွားရောက်ခြင်း၊ မြန်မာနိုင်ငံတော်အစိုးရနှင့် စေတနာရှင်ပြည်သူများ လှူဒါန်းတည်ထားကိုးကွယ်သည့် မြန်မာရွှေ ကျောင်းတော်သို့ သွားရောက်ခဲ့ပြီး မြန်မာရွှေကျောင်း ပရဝဏ်အတွင်းတွင် ရွှေတိဂုံစေတီတော်ပုံတူ တည်ထားကိုးကွယ်သည့် လောကမဏိစူဠာစေတီတော်ကို သွားရောက်ဖူးမြော်ကာ စေတီတော်ဝင်းအတွင်း ဆရာတော်ကြီးနှင့် ဒါယကာ၊ ဒါယိကာမများက လှူဒါန်းတည်ဆောက်ထားသည့် အသောက ကျောက်စာတိုင်များ ချို့ယွင်းနေမှုများအပေါ် ပြင်ဆင်ရန် ကိစ္စရပ်များနှင့် စေတီတော်ကြီးနှင့် ပတ်သက် ၍ ဆက်လက်ဆောင်ရွက်ရန် ရှိသည်များကို အကြံပြု မှာကြားခဲ့ပါသည်။ လောကမဏိ စူဠာစေတီတော် သည် ၁၉၉၅ ခုနှစ် မေလတွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်၌ မြန်မာနိုင်ငံ၏ ပထမဆုံး သာသနိက အဆောက်အအုံအလှူအဖြစ် မြန်မာနိုင်ငံတော် အစိုးရနှင့် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ လှူဒါန်းမှုဖြင့် စတင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံစေတီတော် ပုံတူ၊ ဉာဏ်တော် ၇၂ ပေ ရှိသည့် စေတီတော်ဖြစ်သည်။
သီတဂူ ဆရာတော်ကြီးသည် Lumbini Buddhist University ၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံးအတွက် အရေးကြီးသလို လူတစ်ဦး ချင်းစီအတွက်ကလည်း ပိုမိုအရေးပါ ကြောင်း ထည့်သွင်းမိန့်ကြားခဲ့သည်။ ထူးမြတ်