နေပြည်တော်၊ စက်တင်ဘာ - ၂၅
“လူငယ်နှင့်အနာဂတ်မြန်မာ-သိပ္ပံနှင့်နည်းပညာ” ခေါင်းစဉ်ဖြင့် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့( စက်တင်ဘာ ၂၅)နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့၊ RADISSON COLLECTION ဟိုတယ်၊ Conference Hall ၌ ကျင်းပပြုလုပ်ရာ ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားခဲ့သည်။
အဆိုပါ သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဉာဏ်ထွန်း၊ ဦးကိုကိုလွင်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦး၊ ဒုတိယဝန်ကြီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက်တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လေ့လာဆန်းစစ်မှုများ၊ ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသည့် နည်းပညာဆိုင်ရာများကို ကဏ္ဍပေါင်းစုံတွင် အသုံးချနိုင်မည့် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ စသည်ဖြင့် ကဏ္ဍအလိုက် ပိုစတာများဖြင့် သုံးသပ်တင်ပြထားမှုအား ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ပါဝင်စားစွာဖြင့် လိုက်လံ ကြည့်ရှုလေ့လာကြပြီး ပြကွက်တာဝန်ခံများ၏ တင်ပြချက်များအပေါ် သိရှိလိုသည် များမေးမြန်းဆွေးနွေးသည်။
ထို့နောက် သိပ္ပံပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ ယနေ့ကျင်းပသည့် “လူငယ်နှင့် အနာဂတ်မြန်မာ” သိပ္ပံနှင့်နည်းပညာဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲသည် အနာဂတ်မြန်မာနိုင်ငံတွင် ကြုံတွေ့လာနိုင်သည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းအဖြေရှာနိုင်စေရန်၊ သိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ စိတ်အားထက်သန်စွာဖြင့် ပူးပေါင်းပါဝင်လာစေရေး ခေတ်မီဆန်းသစ်ပြီး စဉ်းစားတွေးခေါ်နိုင်မှုမြင့်မားသည့် ပညာတတ်လူငယ်များ ဖြစ်လာစေရန်၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ် မြှင့်တင်အားပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ယခု ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်အသီးသီးတွင် သုတေသနပြုစုနေကြသည့် သင်တန်းသားများမှ လေ့လာတွေ့ရှိချက်များအပေါ် မိမိတို့တွင်ရှိသည့် အတွေ့အကြုံ များနှင့်ပေါင်းစပ်ပြီး တင်ပြဆွေးနွေးကြမည်ဖြစ်သည့်အတွက် နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာကဏ္ဍအပေါ် အကျိုးရှိစေမည်ဖြစ်ကြောင်း၊ တင်ပြဆွေးနွေးသူများ၏ လေ့လာတွေ့ရှိချက်နှင့် အကြံပြုချက်များအပေါ် တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်းများ အတွေ့အကြုံဖလှယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန် လည်းတိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာဆိုင်ရာ၊ စွမ်းအင်ဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာ၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန် ထုတ်လုပ်မှုနည်း ပညာဆိုင်ရာနယ်ပယ်များတွင် ပညာရှင်များစွာ လိုအပ်လျက်ရှိနေကြောင်း၊ ပြည်တွင်း၌ အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစား များပြားသော်လည်း စက်မှု၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း ထို့ကြောင့် လူငယ်များကို ဝေဖန်ပိုင်းခြားတွေးခေါ်တတ်မှု၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တတ်မှု၊ ပြဿနာကိုကိုင်တွယ်ဖြေရှင်းနိုင်မှု၊ စုပေါင်းဆောင်ရွက်နိုင်မှုစသည့် စွမ်း ရည်များသာမက စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်းဆီလျော်စွာ စဉ်း စားဝေဖန်ပိုင်းခြားနိုင်စိတ်၊မျိုးချစ်စိတ်၊တိုင်းချစ်ပြည်ချစ်စိတ်များ ရှင်သန်ကိန်းအောင်း လာစေရန်အတွက် ညီလာခံများ၊ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
နိုင်ငံတော်အနေဖြင့် “နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ပညာရေးကဏ္ဍကို အားပေးထောက်ပံ့လျက်ရှိပြီး ပညာရေးအသုံးစရိတ်များကို နှစ်စဉ်တိုးမြှင့်ခွင့်ပြုပေးလျက်ရှိကြောင်း၊ အသိဉာဏ်ပညာပြည့်စုံသည့် လူငယ်ပညာရှင်များ ပေါ်ထွန်းလာရေး၊ အသိပညာ၊ အတတ်ပညာ၊ စွမ်းရည်များနှင့်ပြည့်စုံပြီး အရည်အသွေးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်တည်လာစေရေး လူငယ် များကို နိုင်ငံ့အနာဂတ်ပဲ့ကိုင်ရှင်များအဖြစ် သတ်မှတ်ကာ နိုင်ငံသားတိုင်းအားလုံးက လူငယ်စွမ်းရည်မြှင့်မားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် အမှန်တကယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖိဖိစီးစီးလုပ်ဆောင်ရန်လိုကြောင်းကို တိုက်တွန်းပြောကြားလိုကြောင်း။
ယနေ့မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံအများစုက ကဏ္ဍပေါင်းစုံတွင် အချက်အလက်များကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း၊ သတင်းအချက်အလက် သိပ္ပံနည်းပညာဆိုင်ရာလုပ်ငန်းများ၊ အချက်အလက် သိပ္ပံသုတေသနလုပ်ငန်းများနှင့် နိုင်ငံ တော်အတွက် အထောက်အကူပြုသည့် အကျိုး ဖြစ်ထွန်းစေမည့် လက်တွေ့လုပ်ငန်းများဆောင်ရွက်သွားကြရန်တိုက်တွန်းလိုကြောင်း။
ယနေ့ခေတ်တိုးတက်မှု အမြန်ဆုံးနည်းပညာမှာ ဉာဏ်ရည်တုနည်းပညာ(AI) ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကုန်ထုတ်လုပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တု နည်းပညာ အသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေးကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။ ယနေ့ခေတ်တိုးတက်မှု အမြန်ဆုံးနည်းပညာမှာ ဉာဏ်ရည်တုနည်းပညာ(AI) ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ကုန်ထုတ် လုပ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ ဉာဏ်ရည်တုနည်းပညာကို တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ဉာဏ်ရည်တု နည်းပညာအသုံးပြုနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်သကဲ့သို့ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် ဉာဏ်ရည်တုနည်းပညာကို စိုက်ပျိုးရေး ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
ဉာဏ်ရည်တုနည်းပညာကို အကျိုးရှိစွာ အသုံးချရေး၊ ခိုင်မာသော ဉာဏ်ရည် တုနည်းပညာဂေဟစနစ်ကို တည်ဆောက်နိုင်ရေးနှင့် အရည် အသွေးပြည့်ဝသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဉာဏ် ရည်တုနည်းပညာဖွံ့ဖြိုးတိုး တက်မှုနှင့် အသုံးချမှုများမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် ထိရောက်စွာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နျူကလီးယားစွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု နိုင်ရေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာ ကို စွမ်းအင်ကဏ္ဍအပြင် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် မိမိတို့နိုင်ငံ၏ နျူကလီးယားအခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေး ကျွမ်းကျင်သော လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်မည်ဖြစ်ကြောင်း၊
ယနေ့ မိမိတို့ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နေသည့်လုပ်ငန်းသည် ရှိရင်းစွဲအလုပ်ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံအတွက် အရွေ့တစ်ခု၊ မှတ်တိုင် တစ်ခုကိုရေးထိုးနိုင်သည်အထိ လုပ်ငန်းများအပေါ် ရည်မှန်းချက်ထားရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်အရေးကြီးကြောင်း၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်ခြင်းနှင့် စိတ်အားထက်သန်မှုရှိခြင်းတို့သည် ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အဓိကသော့ချက်တစ်ခုဖြစ်သည်ကို အစဉ်နှလုံးသွင်း ခံယူထားပြီး ကြိုးစားကြရန်လည်း မှာကြားလိုကြောင်း။
ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသည့် သိပ္ပံနည်းပညာများကို မျက်ခြည် မပြတ် ဆည်းပူးလေ့လာပြီး မိမိတို့တတ်ကျွမ်းသည့်ပညာရပ်နှင့် နိုင်ငံအကျိုးပြု သုတေသနလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်သွားရမည်လည်း ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် ခေတ်မီနည်းပညာများကို နိုင်ငံအတွင်း၌ ထိရောက်စွာ အသုံး ချနိုင်ရေး နိုင်ငံ့အကျိုးစီးပွားအတွက် လက်ဆင့်ကမ်းလွှဲပြောင်းထမ်းဆောင်နိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုကဲ့သို့ ဆွေးနွေးပွဲမှ နိုင်ငံတော်၏ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိန်ခေါ်မှုများ၊ လိုအပ်ချက်များကို ဖော်ထုတ်နိုင်ကြစေရန်နှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ရည်ရွယ်ချက်ကောင်းနှင့် ခံယူချက်ကောင်းများထားရှိပြီး အနာဂတ်မြန်မာ၏ နိုင်ငံ့သားကောင်းများ ဖြစ်ကြစေရန် ဆုမွန် ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ အရပ်ဘက် တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားများအနက် ကိုယ်စား လှယ်သင်တန်းသားများက သိပ္ပံနည်းပညာဆိုင်ရာဆန်းစစ်လေ့လာချက်များနှင့်ပတ်သက်၍ ခေါင်းစဉ်အလိုက် ဦးဆောင်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများက သိရှိလိုသည့်မေးခွန်းများ ကို မေးမြန်းဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့ကို ဆောင်ရွက်ကြပြီး အပြန်အလှန် မေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာ၌ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများကြီးမားပြီး တက္ကသိုလ်ပညာသင်နိုင်သည့်လူသားအရင်းအမြစ်ကောင်းများ များစွာလိုအပ်ကြောင်း၊ အရည်အချင်းရှိသည့် ကျောင်းသားများဖြစ်ရမည်ဖြစ်ပြီး အရေအတွက်များများစွာ ရရှိရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်ကြားရသည့် အတွေ့အကြုံများ၊ မြင်တွေ့နေရသည့် အတွေ့ အကြုံများနှင့် ဆွေးနွေးတင်ပြသွားသည်ကို တွေ့မြင်ရပြီး မိမိတို့နိုင်ငံ၏ ပကတိအခြေအနေများဖြင့်လည်း ချိန်ထိုးစဉ်းစားသွားကြရန်လိုကြောင်း၊ သုတေသနပြုလုပ်ရုံသာမက အသုံးချမှုနှင့်ပတ်သက်၍လည်း မိမိတို့တတ်မြောက်ထားသည့်ပညာရပ်များဖြင့် ဒေသနှင့်တိုင်းပြည်၏ အကျိုးကို ဖော်ဆောင်မြှင့် တင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ တက္ကသိုလ်များ၊ ကောလိပ်များအနေဖြင့်လည်း တက်ရောက်အောင်မြင်ပြီးစီးပါက လက်တွေ့လုပ်ငန်းနယ်ပယ်သို့ ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်သည်အထိ သင်ကြားပေးသွားရန်လိုကြောင်း၊ ပညာရေးနှင့်ပတ် သက်၍ မိမိတို့နိုင်ငံတွင် အားနည်းချက်များရှိနေဆဲ ဖြစ်သည့်အတွက် ပြုပြင်ပြောင်းလဲ မှုများဆောင်ရွက်၍ ပညာရေးကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အနာဂတ်ပညာတတ်လူငယ်များ များပြားလာစေရန် ရည်ရွယ်၍ ပညာရေးဝန်ကြီး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးတို့နှင့်တိုင်ပင်ဆွေးနွေးခဲ့ပြီး Polytechnic တက္ကသိုလ်များ၊ Institute ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ အလားတူ စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက် ၍ အခြေခံပညာအလယ်တန်းအဆင့် တက်မြောက်ပြီးသူများ တက်ရောက်နိုင်ရေးအတွက် စက်မှုစိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံပညာအထက် တန်းကျောင်းများကို လည်း ဖွင့်လှစ်ပေးလျက်ရှိကြောင်း။
ခေတ်နှင့်အညီပြောင်းလဲတိုးတက်နေသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကိုလည်း သိရှိနားလည်ကျွမ်းကျင်နိုင်စေရေး ဆက်လက်လေ့လာကြိုးစားအား ထုတ်သွားရန်လိုကြောင်း၊ မိမိတို့ သင်ယူတတ်မြောက်လာသည့် ဘာသာရပ်အသီးသီး၊ အသိအမြင်အသီးသီးတို့ဖြင့် နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်နိုင် ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဆင့်မြင့်ပညာရပ် များကို နိုင်ငံရပ်ခြား၌ လာရောက်သင်ယူနေရသည်ဖြစ်သည့်အတွက် တစ်ဦးချင်းစီအလိုက် ဘဝများတိုးတက်စေရေး၊ နိုင်ငံတော်မှ ပညာတော်သင်စေလွှတ်ရကြိုးနပ် စေရေးကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းမွန်သည့် အတွေးအခေါ် အသိအမြင်များဖြင့် နိုင်ငံတော်အတွက် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်း၊ နိုင်ငံ တော်၏ အနာဂတ်ကို ကောင်းမွန်သည့်ပညာတတ်လူသားအရင်းအမြစ်များဖြင့်သာ တည်ဆောက်ရမည်ဖြစ်သဖြင့် တစ်ဦးချင်းစီအလိုက် စဉ်ဆက်မပြတ်ကြိုးစားအားထုတ် သွားကြရန်တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။