မီးပုံးပျံအခမဲ့စီးနှင့်ခွင့်ရမည့် ဓာတ်ပုံ၊ ပန်းချီ ပြိုင်ပွဲ Balloons Over Bagan  မှ ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    Balloons Over Bagan ၏ (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ်ပြုလုပ်သော ဓာတ်ပုံနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများကို မီးပုံးပျံအခမဲ့ စီးနင်းခွင့်လက်မှတ်များ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
    အဆိုပါ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် သူများပြားသည့်အတွက် Balloons Over Baganမှ ပြိုင်ပွဲဝင်များအတွက် အချိန်ထပ်မံရရှိနိုင်ရေး အနိုင်ရရှိမည့်သူ ကြေညာမည့်ရက်အား နိုဝင်ဘာလ ၂၅ ရက်မှ နိုဝင် ဘာလ ၃၀ ရက်သို့ ပြောင်းရွှေ့လိုက်သည့်အပြင် ပေးအပ်မည့် ဆုအရေအတွက်ကိုလည်း တိုးမြှင့်ပေးထားကြောင်း Balloons Over Bagan မှသိရသည်။
    ပထမဆုအတွက် ဟိုတယ်တည်းခိုခွင့် နှစ်ညနှင့် Balloons Over Bagan မီးပုံးပျံလက်မှတ် နှစ်စောင်၊ ဒုတိယဆုကို Balloons Over Bagan မီးပုံးပျံလက်မှတ်နှစ်စောင်၊ တတိယဆုကို Balloons Over Bagan မီးပုံးပျံလက်မှတ် တစ်စောင်နှင့် စတုတ္ထဆုကို Balloons Over Bagan အလှမီးအိမ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
    ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် ကိုယ်တိုင်ရိုက်ယူထားသော (သို့မဟုတ်) ရေးဆွဲထားသော ကြိုက်နှစ်သက်ရာ ပန်းချီကားရုပ်ပုံတစ်ပုံကို ကိုယ်ပိုင် Facebook စာမျက်နှာတွင် Timeless Bagan BOB ဆိုတဲ့ Hashtag ကို Post မှာ ထည့်ရေးပြီး Balloons Over Bagan page  ကို Tag တွဲကာ Public ဖြင့် တင်ပေးရမည်ဖြစ်ကြောင်း သိရသည်။
    ပြိုင်ပွဲ၏ ပထမ၊ ဒုတိယနှင့် တတိယဆုတွင် ပါဝင်သော မီးပုံးပျံစီးနင်းခွင့်များကို ၂၀၂၄-၂၅ မီးပုံးပျံရာသီအတွင်း ၂၀၂၅ မတ်လ ၃၁ ရက် နောက်ဆုံးထား၍ အသုံးပြု နိုင်ပြီးပေးပို့သော ဓာတ်ပုံ (သို့) ပန်းချီကားများတွင် Balloons Over Bagan  ၏ အမှတ်အသား၊ ဆက်နွှယ်မှု တစ်ခုခုပါဝင်ရပါမည်ဟု သတ်မှတ်ထားသည်။
    ပြိုင်ပွဲနှင့်စပ်လျဉ်း၍ နောက်ဆုံး စာရင်းသွင်း အမှတ်ရယူမည့်အချိန်မှာ နိုဝင်ဘာ ၂၉ ရက်နံနက် ၁၀ နာရီအထိဖြစ်ပြီး Balloons Over Bagan ဆု ရွေးချယ်ရေးအဖွဲ့မှ အတည်ပြုဆုံးဖြတ်မှုဖြင့်သာ အပြီးသတ် ရွေးချယ်မှာဖြစ်ကာ အနိုင်ရရှိသူများကို နိုဝင်ဘာလ ၃၀ ရက်မှာ ကြေညာသွားမည်ဟု သိရသည်။ ထူးမြတ်

Total Views ~ 138

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43349

© 2022 - 2025 News. All Rights Reserved.