ရန်ကုန် ၊ နိုဝင်ဘာ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ် ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သောကိုယ်စား လှယ်အဖွဲ့က ယနေ့ (နိုဝင်ဘာ ၄)နံနက် ပိုင်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်း ရေးမှူး တွဲဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ဦးလွင်၊ ဦးချစ်ဆွေ၊ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသအုပ် ချုပ်ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Iskander Azizov နှင့် နိုဗိုစီဗစ်ဒေသအစိုး ရအဖွဲ့အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အ ခြေအနေများ၊နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးနှင့်အစိုးရအဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း မြန်မာ နိုင်ငံ၏ သာယာလှပမှု၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာမြင့်မားပြီး ခမ်းနားထည်ဝါမှုတို့ကို လေ့လာတွေ့ရှိခဲ့ရသည့်အပြင် မြန်မာနိုင်ငံအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့သည့်အခြေအနေများ၊ နိုဗိုစီဗစ်ဒေသသို့ပြန်လည်ရောက်ရှိပါက မြန်မာ နိုင်ငံ၏ သာယာလှပမှု၊ ခမ်းနားထည်ဝါမှုများကို နိုဗာစီဗစ်ဒေသမှတစ်ဆင့် ရုရှားနိုင်ငံသူ၊ နိုင်ငံသားများ သိရှိနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ နှစ်ဖက်ဆွေးနွေးမှုရလဒ်များကိုလည်းဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင် အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားထားရှိပြီး နိုဗိုစီဗစ်ဒေသအစိုးရ အဖွဲ့အနေဖြင့်လည်း အ ကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ၊မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အကြား စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ယဉ် ကျေးမှုဖလှယ်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး စသည်တို့အပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေ အနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ထုတ်ကုန်ပစ္စည်းများ အပြန်အလှန်တင်ပို့၍ ကုန်သွယ်မှုမြှင့်တင် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ မြန်မာနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသအပါအဝင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ယဉ်ကျေး မှုအဖွဲ့များ အပြန်အလှန်စေလွှတ်သွားမည့်အခြေအနေများ၊နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူး ဦးဆောင်သည့် ယခုခရီးစဉ်သည် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအ ကြား၊ နိုဗိုစီဗစ်ဒေသတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေခဲ့ပြီး အောင်မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့သည့် အခြေအနေများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်သည့်အခြေအနေများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မကြာမီကာလအတွင်း မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးဆောင် ရွက်သွားမည့်အခြေအနေများနှင့် ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းသွား မည်ဖြစ်သည့်အခြေအနေများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် နိုဗိုစီဗစ်ဒေသတို့အနေဖြင့်လည်း မြန်မာနိုင်ငံတွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အားပေးထောက်ခံလျက်ရှိသည့် အခြေအနေများနှင့် ပတ် သက်၍ အဆိုပါတွေ့ဆုံမှုတွင် ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေဆုံပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် နိုဗိုစီဗစ်ဒေသအုပ်ချုပ်ရေးမှူးတို့ သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။ နဒီ


