ရန်ကုန် ၊ နိုဝင်ဘာ ၄
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၅ ခုနှစ်၊တန်ဆောင် တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မဟာမင်္ဂလာအခမ်း အနားကို ယနေ့ (နိုဝင် ဘာ ၄)နံနက် မင်္ဂလာအချိန်တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံ ရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ မသိုးရွှေကြာ သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါ မဟာမင်္ဂလာအခမ်းအနားသို့ အခမ်းအနားသို့ နိုင်ငံတော်ယာ ယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင် အမှု ဆောင်ချုပ် ဦးအောင်လင်းဒွေး နှင့် ဇနီး၊ ကော်မရှင်အတွင်းရေးမှူး တွဲ ဖက်အမှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦး နှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ပြည် ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ကာကွယ် ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်း မှူးနှင့် တာဝန်ရှိသူများ၊ ဝတ် အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ ဖွင့်လှစ်ကြပြီးဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” အစချီသည့် အရိယာသာဝိတ္ထီ ဂါထာတော်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ထို့နောက် သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကိုဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံ၍ ရေပန်းရင်ပြင်တော်မှ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်သို့ ပင့်ဆောင်ကြပြီး ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ကာ ဆက်ကပ်ပူဇော်မည့်နေရာသို့ ပင့်ဆောင်ခဲ့ကြသည်။ ထိုသို့ပင့် ဆောင်နေချိန်၌ ဝတ်အသင်းအဖွဲ့များက ဘုရားဂုဏ်တော်ကိုးပါးပါဠိကို ရွတ်ဆိုပူဇော်ခဲ့ကြသည်။
ယင်းနောက် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို လေးခေါက်ခေါက်ခြင်း၊ ထပ်၍စုစည်းခြင်းများကိုဆောင်ရွက်ကြပြီး ရွှေကြာက လပ်တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြပြီးနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီးပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများကပ်လှူပူဇော်ပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုရက်ကန်း အဖွဲ့(၁၅)ဖွဲ့မှရက်လုပ်စပ်ချုပ်သီလွှမ်းထားသည့် မသိုးရွှေကြာသင်္ကန်းတော် ၁၅ ထည်ကို ဆက်ကပ်လှူဒါန်းခဲ့သည်။
၎င်းနောက် မသိုးရွှေကြာသင်္ကန်းတော်များအား ဥပါသကာများက မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ ဆက်လက် ဆက် ကပ်ပူဇော်ခဲ့သည်။ ထိုသို့ ဆက်ကပ်ပူဇော်နေချိန်တွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ နှင့် ဇနီး ဦးဆောင်သော ဘုရားဒါယကာ၊ ဒါယိကာမများက ဘုရားဂုဏ်တော်၊ ပဌာန်းပစ္စယုဒ္ဒေသပါဠိ ၊ ပရိတ် ၊ မေတ္တာပို့လင်္ကာများကို ရွတ်ဆိုပွားများ ပူ ဇော်ခဲ့ကြသည်။
ယင်းနောက် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များနှင့် သုံးဆယ့်တစ်ဘုံသားတို့အားမေတ္တာပို့၍ကုသိုလ်အမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းခြင်းများကို တန်ဆောင်မုန်းလအခါသမယတွင် ကျင်းပပြုလုပ်လေ့ရှိပြီး လပြည့်နေ့မတိုင်မီ အဖိတ်နေ့ညနေပိုင်းတွင် သင်္ကန်းတော်များကို စတင်ရက်လုပ်၍ လပြည့်နေ့အရုဏ်မတက်မီအချိန် အပြီးချုပ်လုပ်ကာ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ကပ်လှူပူဇော်ကြခြင်းဖြစ်ကြောင်း၊ မသိုးသင်္ကန်းရက် လုပ်ဆက်ကပ်လှူဒါန်းခြင်းများကို နှစ်စဉ် နိုင်ငံအဝန်းအမြို့မြို့အနယ်နယ်၌ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိကြပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ် ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌လည်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီး ဦးဆောင်သော ခုနှစ်ရက်သားသမီးများက မသိုးရွှေကြာ သင်္ကန်းတော်ကို ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိသည်။ နဒီ


_1762323169.jpg)