ရန်ကုန်စည်ပင်ပိုင်ပန်းခြံများအတွင်းရှိ အဆင့်မြင့်သန့်စင်ခန်း လုပ်ငန်းငါးခု တင်ဒါစနစ်ဖြင့် အငှားချထားမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၇
    ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနမှ စီမံခန့်ခွဲလျက်ရှိသော ပန်းခြံများအတွင်းရှိ အဆင့်မြင့်သန့်စင်ခန်း လုပ်ငန်းငါးခုကို တင်ဒါစနစ်ဖြင့် အငှားချထား ဆောင်ရွက်ရန် တင်ဒါခေါ်ယူထားကြောင်း သိရသည်။
    တင်ဒါစနစ်ဖြင့် အငှားချထားမည့် လုပ်ငန်းငါးခုမှာ  အလုံမြို့နယ် သခင်မြပန်း ခြံရှိ အဆင့်မြင့် သန့်စင်ခန်း(၁)လုပ်ငန်း (အကျယ်အဝန်း- 27'x31)၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်ရှိ အဆင့်မြင့် သန့်စင်ခန်းလုပ်ငန်း (အကျယ်အဝန်း- 30 'x 26')၊ ကမာရွတ်မြို့နယ် အင်းလျားပန်းခြံရှိ  အဆင့်မြင့်သန့်စင်ခန်းလုပ်ငန်း (အကျယ်အဝန်း- 24'x33')၊ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပန်းခြံ၊ သစ်တောဇုန်ရှိ ဌာနပိုင်သန့်စင်ခန်းလုပ်ငန်း (အကျယ်အဝန်း - 37'x31)၊ ဗဟန်းမြို့နယ် ဗိုလ်ချုပ်ပန်းခြံရှိ ဌာနပိုင်သန့်စင်ခန်း လုပ်ငန်း (အကျယ်အဝန်း - 31'x32')စသည့် လုပ်ငန်းများဖြစ်ကြောင်း YCDC တင်ဒါကော်မတီမှ အသိပေးထားသည်။
    ယင်းလုပ်ငန်း ငါးခုအား အငှားချ ထားပေးရန်အတွက် တင်ဒါလျှောက်လွှာများကို နိုဝင်ဘာ ၂၆ရက်မှစ၍ ဒီဇင်ဘာ ၉ ရက်အထိ ဒဂုံမြို့နယ် ဦးဥတ္တမပန်းခြံအတွင်းရှိပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန (ရုံးချုပ်)တွင် ရောင်းချပေးမည်ဖြစ်ပြီး တင်ဒါလျှောက်လွှာများကို ဒီဇင်ဘာ ၁၀ ရက် နောက်ဆုံးထား၍ ယင်းအားကစားကွင်းများ ဌာန (ရုံးချုပ်)သို့ တင်သွင်းရမည်ဖြစ်သည်။
    ထို့အပြင် တင်ဒါကျင်းပပွဲကို ဒီဇင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၊ ခန်းမ(၂)၌ ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီ၊ တင်ဒါကော်မတီမှ အသိပေးထားသည်။ နဒီ

Total Views ~ 145

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43404

© 2022 - 2025 News. All Rights Reserved.