ရန်ကုန် ၊ နိုဝင်ဘာ ၂၀
စင်ကာပူနိုင်ငံတွင် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကော်မရှင်မှ ဦးဆောင်ကျင်းပသည့် ကမ္ဘာ လုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်နှင့် ဆက်စပ်၍ စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံ ခရီးသွားလုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြသည်။
စင်ကာပူနိုင်ငံ ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ရုံး၌ နိုဝင်ဘာ ၁၃ ရက်တွင် ကျင်းပသည့် အာဆီယံခရီးသွားလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာ နိုင်ငံ၏ အဓိကခရီးသွားဈေးကွက် နိုင်ငံများနှင့် အနာဂတ်မျှော်မှန်းချက်၊ အာဆီယံခရီးသွားလုပ်ငန်းကဏ္ဍ မဟာဗျူဟာ ၂၀၃၀ ရေး ဆွဲရာတွင် ကမ္ဘာ့ခရီးသွားလုပ်ငန်းအလားအလာများအရ အနာဂတ် အာဆီယံဒေသတွင်း ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတွင် ထည့်သွင်းလျာထား ဆောင်ရွက်သင့်သည်များကို အကြံပြုဆွေး နွေးခဲ့ကြကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ဆက်လက်ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ယဉ်ကျေးမှု၊ လူမှုအဖွဲ့ အစည်းနှင့် လူငယ်ရေးရာဝန်ကြီးဌာနဝန်ကြီး Mr. Alvin Tan နှင့် ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ် ငန်းကော်မရှင်ဥက္ကဋ္ဌ Mr. Luigi Cabrini တို့ တက်ရောက်ခဲ့ပြီး စင်ကာပူနိုင်ငံနှင့် နိုင်ငံတကာမှ စိတ်ပါဝင်စားသူ ကိုယ်စားလှယ် ၅၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
အဆိုပါကွန်ဖရင့်တွင် နိုင်ငံတကာမှ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ခရီးသွားလုပ်ငန်းများနှင့် ခရီးစဉ်ဒေသများ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးစံနှုန်းများ ရေးဆွဲသတ်မှတ်ထားမှု၊ ကဏ္ဍအလိုက် ခရီးသွား လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် ပါဝင်သက်ဆိုင်သူများ စုပေါင်းဆောင်ရွက်ရန် လိုအပ်သည်များ ကို ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းတွင် အာဆီယံအပျော်စီးသင်္ဘော ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် လေ့လာရေးအစီအစဉ်သို့ ဆက်လက် ပါဝင်တက်ရောက်ခဲ့ပြီး ကမ္ဘာ့ခရီးသွား လုပ်ငန်းများအနက် အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းကို အလေးထားဆောင်ရွက်သင့်သည့် အခြေအနေ၊ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်အသုံး ပြုမှုလျှော့ချရေး အစီအစဉ်များ ထည့်သွင်း ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် Marina Bay Cruise Centre Singapore ESifh Singapore Cruise Centre အပျော်စီးသင်္ဘောဆိပ်များသို့ သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံသို့ ဝင်ထွက်သွားလာရာတွင် လွယ်ကူအဆင်ပြေအောင် ဝန်ဆောင်မှုပေးနေမှု လုပ်ငန်းစဉ်များကို လေ့လာခဲ့ကြောင်း သိရသည်။ နဒီ