အေဂျင်စီနှင့် စာချုပ်ချုပ်ပြီး ရက် ၉၀ အတွင်း ပြည်ပသို့မထွက်ရသည့် အလုပ်သမားများ MOEAF ရုံးကို တိုင်ကြားနိုင်

၂၀၂၃ စက်တင်ဘာ ၁၁
    ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ကြမည့် အလုပ်သမားများအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီနှင့် အလုပ်သမားများအကြား စာချုပ်ချုပ်ဆိုပြီး သတ်မှတ်ထားသည့် ရက် ၉၀ အတွင်း အေဂျင်စီမှ စာချုပ်ပါနိုင်ငံနှင့် လုပ် ငန်းခွင်သို့ ပို့ဆောင်စေလွှတ်နိုင်ခြင်း မရှိ၍ ကြန့်ကြာမှုများ ဖြစ်ပေါ်နေပါကလည်း တိုင်ကြားနိုင်ကြောင်း MOEAF တာဝန်ရှိသူ တစ်ဦးက ပြောခဲ့သည်။
    ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်လိုသည့် အလုပ်သမားတွေ အနေဖြင့် လည်း တရားဝင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ် ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တရားမဝင် အေဂျင်စီများနှင့် မသမာသည့် ပွဲစားများနှင့် ဆက်သွယ်လုပ်ဆောင်ပါက ငွေကြေး အလိမ်ခံရပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားခဲ့သည်။
    ]]ပြည်ပကိုသွားရောက်ပြီး အလုပ် လုပ်ကိုင်တဲ့ အလုပ်သမား အများကြီးရှိနေ တယ်။ အခုအထိ သွားဖို့လုပ်နေတဲ့ အလုပ် သမားတွေလည်း ရှိတယ်။ အလုပ်သမားတွေ ကို အဓိကပြောချင်တာက တရားဝင် အေဂျင်စီကို သေချာချိတ်ဆက်ပြီးတော့ လုပ် ကိုင် ဆောင်ရွက်စေချင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ တရားမဝင်အေဂျင်စီနဲ့ ဆောင် ရွက်ပြီး ပွဲစားတွေနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကိုယ်သွားမယ့် အေဂျင်စီက တရားဝင်အေ ဂျင်စီ ဟုတ်မဟုတ်ကို စုံစမ်းအတည်ပြုပြီးမှ လုပ်ကိုင်စေချင်တယ်လို့ သတိပေးချင်ပါ တယ်}}ဟု ပြည်တွင်းစီးပွားရေး လေ့လာသုံး သပ်သူတစ်ဦးက ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံမှ အလုပ်သမားများ အနေဖြင့် အခြားနိုင်ငံများထက် ထိုင်း၊ မလေးရှား၊ ကိုရီးယား စသည့် နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှု ပိုမိုများပြားကြောင်း၊ ထို့အပြင် ပြည်ပသို့ အလုပ်လုပ်ကိုင်ရန်သွား ရောက်ကြမည့် အလုပ်သမားများအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာရှိပါက MOEAF ရုံးသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင် ကြောင်း သိရသည်။

 

Total Views ~ 197

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44778

© 2022 - 2025 News. All Rights Reserved.