ရန်ကုန် နိုဝင်ဘာ ၅
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ နိုဗိုစီဗစ် “Chaldony” State Song and Dance Ensemble အဖွဲ့မှ “မဟာရုရှားနှင့် ဆိုက်ဘေးရီးယား” အမည်ရသည့် ပဒေသာကပွဲကို နိုဝင်ဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)(MICC-1)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားကိုကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး H.E.Mr. Andrey Aleksandrovich Travnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေး ကော်မရှင်ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုဗိုစီဗစ်ဒေသမှ ထင်ရှားသည့် “Chaldony" State Song and Dance Ensemble အဖွဲ့မှတင်ဆက်မည့်ဖျော်ဖြေပွဲတွင် အားလုံးကို ရင်းနှီးနွေးထွေးစွာ ကြိုဆို နှုတ်ဆက်ပါကြောင်း။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် ယနေ့ နေ့လယ်ခင်းသည် အဓိပ္ပာယ်ပြည့်ဝပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံသည် ယဉ်ကျေးမှု၊ ပညာရေးနှင့် အနု ပညာအပါအဝင် ကဏ္ဍပေါင်းစုံ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့အပေါ် အခြေခံပြီး ခိုင်မြဲသည့် သံတမန်ဆက်ဆံမှုကို တည်ထောင်ခဲ့ သည်မှာ နှစ်ပေါင်း(၇၇)နှစ် ပြည့်မြောက် ကျော်လွန်လာခဲ့ပြီဖြစ်ကြောင်း။ကာကွယ်ရေး၊ ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှု အပါ အဝင်နယ်ပယ်များစွာ၌ အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့အပေါ်အခြေခံပြီး မိမိတို့နှစ်နိုင်ငံသည် ဆယ်စုနှစ်များစွာကြာရှည်ခိုင်မာသည့် ဆက်ဆံရေးကိုတည်ဆောက်ထားပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း နိုဗိုစီဗစ်နှင့် မြန်မာအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။
နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူး က နှုတ်ခွန်းဆက်စကားပြန်လည် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ပြောကြားရာတွင် ရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ကြားမှုအရ ယခုကဲ့သို့ ထူးခြားလှပသည့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ရရှိသည့်အတွက် စိတ်ရင်း မှန်ဖြင့်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့ ဆိုက်ဘေးရီးယားလူမျိုးများကို ဧည့်ဝတ်ကျေ ပွန်စွာ ကြိုဆိုဧည့်ခံမှု၊ မိမိတို့၏ ယဉ်ကျေးမှုနှင့် အနုပညာအပေါ် စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များသည် ကြွယ်ဝမှုနှင့်နက်ရှိုင်းမှုတို့၌ ထင်ရှားပေါ်လွင်အံ့ဩဖွယ်ရာဖြစ် ပြီး ယခုကဲ့သို့ကြွယ်ဝမှုများသည် မြန်မာနိုင်ငံသားတို့၏ ရိုးသားပွင့်လင်းမှုများကို တွေ့ မြင်စေရပါကြောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ နယ်မြေပေါ်တွင် လူမျိုးပေါင်း တစ်ရာ ကျော်မျှ နေထိုင်ကြသော်လည်း၊ မိမိတို့အားလုံးသည် တူညီသောသမိုင်းကြောင်းနှင့် တူညီသောကံကြမ္မာတို့ဖြင့် စည်းလုံးညီညွတ်လျက်ရှိပါကြောင်းပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများသည် နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြသည်။
ဖျော်ဖြေပွဲအပြီးတွင် နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌနှင့် ဇနီးတို့က နိုဗိုစီဗစ် Chaldony State Song and Dance Ensemble အဖွဲ့မှ အနုပညာရှင်များအားလည်းကောင်း၊ နိုဗိုစီဗစ် ဒေသအုပ်ချုပ်ရေးမှူးက သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များအားလည်းကောင်း ဂုဏ်ပြုပန်းခြင်းများကိုပေးအပ်ခဲ့ကြောင်းသိရသည်။ HM
