၂၀၂၄ ဇူလိုင် ၃
ဂမ္ဘီရဆန်ဆန် ခရီးသွားစွန့်စားခန်းပေါင်းများစွာဖြင့် ပုံဖော်ထားသည့် 'အာဂမင်းဂေါင်' ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာသီဟမင်းညီ၊ သရုပ်ဆောင်စစ်နိုင်၊ ရွှေပိုးအိမ်၊ ဈာန်ဟိန်း၊ ဝါဝါမေမောင် စသည့် သရုပ်ဆောင်များဖြင့် အပိုင်း ၁၈ ပိုင်းရိုက်ကူးထားကာ ဇွန် ၂၉ ရက် ည ၇ နာရီကစတင်၍ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် အပတ်စဉ် M Entertainment ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမည်ဖြစ်သည်။ အဆိုပါ ဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင် စစ်နိုင်နှင့် ရွှေပိုးအိမ်တို့အား ဇာတ်လမ်းတွဲနှင့် အချစ်ရေးစသည်တို့အား တွေ့ဆုံမေးမြန်းထားမူများကို ဖော်ပြလိုက်သည်။
သရုပ်ဆောင်စစ်နိုင်နှင့် ရွှေပိုးအိမ်တို့အား တွေ့ဆုံမေးမြန်းခြင်း . . . . .
TREND ။ ။ အာဂမင်းခေါင် ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး နှစ်ယောက်က ဘယ်လောက်ကြိုး စားထားလဲ ပြောပေးပါဦး။
SN ။ ။ အာဂမင်းခေါင်မှာ ကျွန်တော်တို့နှစ်ယောက်က အကောင်းဆုံး ကြိုးစားထားပါတယ်။ ပါဝင်သူတွေ အကုန်လုံးလည်း ကြိုးစားထားကြပါတယ်။
SPA ။ ။ ဒီကားမှာ နှစ်ယောက်လုံး တက်တက်ကြွကြွနဲ့ ပါဝင်သူတွေအကုန်လုံးနဲ့ စက်အဖွဲ့ ညီအစ်ကိုမောင်နှစ်မတွေ အကုန်လုံး အာဂမင်းခေါင်ဖြစ်ဖို့အတွက်ကို တစ်ထောင့်တစ်နေရာကနေ ကြိုးစားပါဝင်ထားတယ်။ ရွှေပိုးရယ်၊ ကိုစစ်နိုင်ရယ်မှ မဟုတ်ဘူး။ ဒီကားထဲမှာ အကုန်လုံးက ကြိုးစားထားကြပါတယ်။
TREND ။ ။ မောင်နှမနှစ်ယောက်က ရိုက်ကွင်းမှာ ရန်ဖြစ်တာတွေ ရှိသေးလား။
SN ။ ။ မရှိပါဘူး။
SPA ။ ။ ရိုက်ကွင်းမှာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ကြပါတယ်။
TREND ။ ။ ရွှေပိုးက ဘယ်လိုနေရာတွေမှာ ဆရာလုပ်တာလဲ။
SN ။ ။ သူ့ကိုကိုယ်က ချစ်လို့အလိုလိုက်ထားတာ။ အမှန်တိုင်းပြောရင်လေ။ ကိုဆိုတော့လည်းလေ။ အသားမည်းသွားတယ်လို့ပြောတာက စိတ်ဓာတ်ကျအောင် ပြောတာလေ။ အသားတော်တော်မည်းသွားတယ်နော်တဲ့၊ ကိုရယ် အသားမည်းသွားတယ် ဘယ်လိုဖြစ်တာလဲ။ အဲဒီလိုလည်း မပြောဘူး။
SPA ။ ။ ရွှေပိုးက အဲဒီလိုမဟုတ်ပါဘူး။ အရိပ်တကြည့်ကြည့် ကြည့်နေရတဲ့သူဆိုတော့လေ။ အသားလေးနည်းနည်း ညိုသွားတယ်နော်၊ မည်းသွားတယ်နော်၊ ဝလာတယ်နော်ဆိုပြီး ကိုယ်ကပြောရရင် သူက အကန်တွေလုပ်တာ။ စိတ်ဓာတ်ကျအောင် မလုပ်ပါဘူး။
TREND ။ ။ တစ်ဦးပေါ်တစ်ဦးထားတဲ့ စေတနာမေတ္တာက ဘယ်လိုမျိုးလဲ။
SN ။ ။ မောင်နှမတွေဆိုတော့ အရိပ်တကြည့်ကြည့်နဲ့လေ။
SPA ။ ။ အဓိကတော့ အစ်ကို ဘာပဲလုပ်မယ်။ ဘယ်နေရာ ရိုက်ရမယ်ဆိုတာမျိုးကို ဘယ်တုန်းကမှ မပြောခဲ့ဘူး။ အနုပညာကြေးဘယ်လောက်လို့၊ ဘယ်နေရာရိုက်ရမယ်လို့ မပြောခဲ့ဖူးဘူး။ ဒါကတော့ ရွှေပိုးရဲ့ မေတ္တာပေါ့နော်။ အစ်ကိုကလည်း သရုပ်ဆောင်ကောင်းဖြစ်တဲ့အတွက် အစ်ကို့ကို ဒီ့ထက်မကအောင်မြင်စေချင်ပါတယ်။ ရုပ်ရှင်ပိတ်ကားတွေထက်မှာလည်း မြင်ချင်တယ်။ ရွှေပိုးနဲ့ ရိုက်မှတို့၊ မရိုက်မှတို့ မဟုတ်ပါဘူး။ ဒီထက်မက အောင်မြင်စေချင်တာပါ။ သစ်ပင်ကြီးလိုပေါ့။ အစ်ကိုက သစ်ပင်ကြီးဆိုရင် ရွှေပိုးတို့က ငှက်ကလေးတွေလေ မှီခိုစားသောက်လို့ရတာပေါ့။ ဒါကြောင့် ဒီထက်မက အောင်မြင်စေချင်ပါတယ်။

TREND ။ ။ ပရိသတ်က နှစ်ယောက်တွဲနေတယ်လို့ ထင်ကြတဲ့အပေါ်မှာရော ဘယ်လိုပြောချင်လဲ။
SN ။ ။ ကျွန်တော်တို့က အလုပ်လည်း အတူတူ။ ဘယ်နေရာသွားသွားလည်း အတူတူဆိုတော့ ပရိသတ်က တွဲနေကြပြီလို့ မြင်တာပေါ့နော်။ ပရိသတ်လည်းဒီလိုပဲ တွဲနေတယ်လို့ ထင်ကြတယ်။ အဲဒီတော့ ဇာတ်လမ်းထဲမှာ တွဲနေကြပါတယ်လို့။
SPA ။ ။ အင်းဟုတ်တယ်။ အရင်တုန်းကတော့ အရမ်းကြီးပြောခဲ့တယ်ဆိုတော့ ရှင်းရတာတွေ ရှိတယ်။ တချို့တွေကြတော့ ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဆိုတော့ ပိုပြီးတော့ ရှင်းရတယ်။ နောက်ပိုင်းကျတော့ ရွှေပိုးတို့ မောင်နှမနှစ်ယောက်က ဘာလဲဆိုရင် ပရိသတ်တွေ ချစ်ပေးတာပဲ ကျေးဇူးအရမ်း တင်ပါတယ်။ ပရိသတ်အရမ်းချစ်ပေးလို့ ရွှေပိုးတို့မောင်နှမနှစ်ယောက်ကကြော်ငြာတွေရိုက်ရတယ်။ အလုပ်တွေလာအပ်ကြတယ်။ အဲ့ဒါက တချို့အကောင့်တွေကလည်း လျှောက်တင်တာတွေကြောင့် စိတ်ဝင်စားကြတယ်လေ။ သူတို့ကိုလည်း ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ကျေးဇူးတင်ပါတယ်။ ရွှေပိုးတို့ကတော့ အစ်ကိုနဲ့ အနုပညာအလုပ်တွေ အများကြီးလုပ်ကြမယ်။ အတွေ့အကြုံတွေ အများကြီးယူမယ်။ နောက်ဆုံး ပိုက်ဆံမရရင်တောင်မှပဲ လူတွေကအများကြီး စိတ်ဝင်စားကြတယ်။ အမှတ်တရလေး ဖြစ်တယ်။ နောက်ဆိုလည်း ဒီအမှတ်တရလေး ကျန်နေခဲ့မှာဆိုပြီးတော့ နှစ်ယောက်တိုင်တိုင်ပင်ပင်နဲ့ ပျော်နေကြတာပါ။
TREND ။ ။ ဒီလိုပြောတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်က သူတွေရော နားလည်ပေးကြလား။
SN ။ ။ ကိုယ့်ပတ်ဝန်းကျင်မှာကြတော့ အကုန်လုံးက နားလည်းပေးကြတော့ သေချာလိုက် ပြောပြနေစရာမလိုဘူး။ အနေမှန်တယ်လေ။ ရှုတင်မှာလည်း တိုင်တိုင်ပင်ပင် အနေမှန်တဲ့အတွက် သက်ဆိုင်တဲ့သူတွေကလည်း နားလည်ပေးကြတယ်။ ပြီးတော့ ရွှေပိုးတို့နှစ်ယောက်က ကြိုးစားပြီးတော့ အနုပညာနဲ့ပတ်သက်ပြီး တော်တော်ရူးသွပ်တယ်။ ပိုက်ဆံအနေနဲ့ ရွှေပိုးတို့နှစ်ယောက်က မချမ်းသာဘူး။ အစ်ကိုလည်း မချမ်းသာဘူး။ ညီမလည်း မချမ်းသာဘူး။ အမြဲတမ်း အစ်ကိုဆိုရင် ဆီဖိုးတောင် မကျန်ဘူး အလကားလုပ်ပေးတာ။ တချို့ ရိုက်ကူးရေးတွေဆိုရင် တစ်ကျပ်မှပိုက်ဆံမရဘဲ ရိုက်ပေးတယ်။ ဒါရိုက်တာဆိုလည်း သူလုပ်တယ်။ ဇာတ်ညွှန်းဆိုလည်း သူရေးပေးတယ်။ အစ်ကိုက အနုပညာနဲ့ပတ်သက်ရင် စေတနာနဲ့ လုပ်ပေးတာ။ ခရီးကပြန်လာရင် ဘာမှမကျန်ဘူး။ သီချင်းဆိုပွဲ သွားပြီးရင်လည်း တစ်ကျပ်မှပါမလာကြတာတွေ ရှိတယ်။ အစ်ကိုက စိတ်ရင်းအရမ်းကောင်းတယ်။ အလုပ်နဲ့ပတ်သက်ရင်။ တခြားနေရာမှာ ဆိုရင်တော့ မရဘူး။ မုန့်ဝယ်ကျွေးလို့ပြောရင် မကျွေးဘူး။။ အလုပ်နဲ့ ပတ်သက်ရင်တော့ ရတယ်။
SPA ။ ။ အဓိကတော့ အနုပညာနဲ့ ရပ်တည်တာဖြစ်တဲ့အတွက် အလုပ်နဲ့ပတ်သက်ပြီး ဘယ်လောက်အထိ လုပ်ရမလဲဘဲ စဉ်းစားတယ်။ ကိုယ့်က ပိုက်ဆံချမ်းသာလို့ အနုပညာအလုပ် လုပ်ခဲ့တာလည်းမဟုတ်ဘူး။ ရုပ်ချောလှပလို့လည်း အနုပညာအသိုင်းအဝိုင်းကို ရောက်လာတာ မဟုတ်ဘူး။ အဓိကတော့ အလုပ်ပေါ်မှာထားတဲ့ စေတနာကြောင့် ရောက်လာတာ ဖြစ်တဲ့အတွက် အလုပ်လုပ်ရင်း အောင်မြင်မယ်လို့ ယုံကြည်ထားတဲ့အတွက်ကြောင့် အလုပ်ကိုပဲ ကြိုးစားပြီးလုပ်တယ်။
TREND ။ ။ နှစ်ယောက်က တစ်ခါတလေ စိတ်ကောက်တာတွေရော ရှိလား။
SN ။ ။ တစ်ခါတလေ အော်ပြောတာ တွေရှိတယ်။ ရှုတင်မှာ အော်တာပါ။ အပြင်မှာ ဖုန်းနဲ့ ဆိုရင် အစ်ကိုရေ ဘာလေးဘာလေးလုပ်စရာရှိတယ်နော် ဆိုပြီး စကားကောင်းကောင်းပြောတယ်။ ဒါပေမဲ့ ရှုတင်ကြရင်တော့ တစ်ယောက်တစ်ခွန်း အော်ကြတယ်။ ကျွန်တော်က နည်းနည်းလေးစိတ်ပိုဆိုးရင် သူက လျှော့ပေးတယ်။ ဒီလိုမျိုးပေါ့နော်။
SPA ။ ။ စိတ်မကောက်တတ်ပါဘူး။ အစ်ကို့ကို လေသံမာမာနဲ့ပြောရင် အဲဒီနေ့ဆိုရင် ဆူပုပ်နေတာ။ ကိုစစ်နိုင်ကို စိတ်ဆိုးရင်အော်တယ်လေ။ အဲ့ဒါဆို သူသိတယ်။ ရွှေပိုးဘာလုပ်နေလဲဆိုပြီးတော့ လာချော့တယ်လေ။ မောင်နှမနှစ်ယောက်ဆိုတော့ ဒီလိုပါပဲ။
TREND ။ ။ အာဂမင်းခေါင် ဇာတ်လမ်းတွဲ နဲ့ပတ်သက်ပြီး ပရိသတ်ကြီးကို အမှတ်တရ စကားလေး ပြောပေးပါဦး။
SPA ။ ။ အာဂမင်းခေါင်ကို Channel ကနေ ပြသမှာဖြစ်တဲ့အတွက် ပရိသတ်ကြီးမျှော်လင့်စောင့်စားနေတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
SPA ။ ။ ကျေးဇူးတင်ပါတယ်။