ဂျက်မားက တိုကျိုတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် သွားရောက်ပြီး  အွန်လိုင်းရောင်းဝယ်ရေးအကြောင်း ပို့ချ

၂၀၂၃ ဇွန်လ ၁၉

E-commerce နဲ့ပတ်သက်လို့ ကမ္ဘာ့ဧရာမလုပ်ငန်းစုကြီးဖြစ်တဲ့ အလီဘာလာဦးပိုင်ကို တည်ထောင်သူ ဂျက်မားဟာ အခုသီတင်းပတ်အစောပိုင်းမှာ ဂျပန်နိုင်ငံ၊ တိုကျိုတက္ကသိုလ်သို့ သွားရောက်ပြီး ဂျပန်ပညာရေးတက္ကသိုလ်ရဲ့ဧည့်ပါမောက္ခအဖြစ် သူ့ရဲ့ပထမဆုံးအတန်းကို ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။  တိုကျိုတက္ကသိုလ်ဟာ သက်တမ်း ၁၄၆ နှစ်ရှိပါပြီ။

ဇွန်လ ၁၂ ရက်မှာ တိုကျိုကောလိပ်နဲ့ တိုကျိုတက္ကသိုလ်တို့ရဲ့ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုနည်းအစီအစဉ်အနေနဲ့ ပူးပေါင်းစီစဉ်တဲ့  "ဆန်းသစ်တီထွင်မှုနဲ့ စွန့်ဦးတီထွင်မှု" နှီးနှောဖလှယ်ပွဲ (GLP) မှာ အထူးဖိတ်ကြားထားတဲ့ဟောပြောသူအဖြစ် အသက် ၅၈ နှစ်အရွယ်ရှိ ဂျက်မားဟာ ဆောင်ရွက်ပေးခဲ့တာပါ။

နှစ်နာရီကြာတဲ့ အဲဒီပွဲမှာ ဂျက်မားက “များပြားလှတဲ့ အတွေ့အကြုံ၊ စွန့်ဦးတီထွင်မှုဆိုင်ရာအသိပညာနဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ရှေ့ဆောင်အသိပညာ”ကိုအခြေခံ၍ မျိုးဆက်သစ်လူငယ်တွေ အနာဂတ်မှာ အောင်မြင်မှုရရှိနိုင်ပုံကို အဓိကထားပြီးတော့ ပို့ချဟောပြောခဲ့ပါတယ်။ ဒါ့အပြင် e-commerce နဲ့ အွန်လိုင်းလက်ကား ရောင်းဝယ်ဖောက်ကားတဲ့အတတ်ပညာတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

အဲဒီနှီးနှောဖလှယ်ပွဲသို့ ဂျပန်၊ တရုတ်၊ အိန္ဒိယနဲ့ မလေးရှားနိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီနောက် ကျောင်းသားတွေက ပါမောက္ခဂျက်မားကို ပြန်လှန်မေးခွန်းတွေ မေးမြန်းခဲ့တယ်လို့ အဆိုပါတက္ကသိုလ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

 အဲဒီတက္ကသိုလ်ရဲ့ GLP ဟာ ၂၀၁၄ ခုနှစ်၊ ဧပြီလမှာ စတင်ခဲ့တာဖြစ်ပြီး ဆန်းသစ်မှုနဲ့ စည်းကမ်းလိုက်နာမှုအလေးပေးထားတဲ့ ၄ နှစ်ဘွဲ့ကြိုအစီအစဉ်တစ်ခုဖြစ်ပါတယ်။ GLP အနေနဲ့ အဲဒီကနေ မွေးထုတ်လိုက်တဲ့ ကျောင်းသားတွေကို ကမ္ဘာ့စင်မြင့်ပေါ်မှာ ပြောင်းလဲမှုဖန်တီးသူတွေအဖြစ် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန် စီမံပေးထားပါတယ်။  

အခုလို တိုကျိုတက္ကသိုလ်ကိုသွားရောက်ပြီး ပို့ချပေးခဲ့တဲ့ ဂျက်မားရဲ့ရှေ့ဆက်သွားမယ့်ခြေလှမ်းရဲ့ အရိပ်အမြွက်အသစ်ကတော့ တရုတ်နည်းပညာဘီလီယံနာတစ်ဦးအနေနဲ့ အလီဘာဘာလုပ်ငန်းစုနဲ့ သူ သူဖန်တီးထားတဲ့ ကျယ်ပြန့်လှတဲ့ စီးပွားရေးအင်ပါယာကို လက်တစ်ကမ်းမှာ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်သလို ပညာတတ်နဲ့ သုတေသီတစ်ဦးအဖြစ် လူထုနဲ့ ထိတွေ့တဲ့ဘဝသို့ ပြန်လည်ဝင်ရောက်လာကြောင်း ပြသလိုက်တာဖြစ်ပါတယ်။

Total Views ~ 246

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43512

© 2022 - 2025 News. All Rights Reserved.