၂၀၂၃ ဇွန် ၂၇
နစက၏ ဖိတ်ခေါ်ချက်အရ NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဥ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် အပစ်ရပ် (၅)ဖွဲ့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့်ဇွန် (၂၆) ရက်တွင် နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

(၃) ရက်တာ ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့အဖြစ် ယနေ့နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ (၅) ဖွဲ့ဖြစ်သည့် ALP , KNU/KNLA(PC) , DKBA , PNLO နှင့် LDU အဖွဲ့တို့မှ ကိုယ်စားလှယ်များ တက်ရော က် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုတွေ့ဆုံပွဲသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြီးခဲ့သည့် မေလ (၁၇) ရက်မှ (၁၈) ရက်အထိ နှစ်ရက်တာ ပြုလုပ်သည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၇ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး အချို့အဖွဲ့များအနေဖြင့် သီးခြားတွေ့ဆုံရန်အစီအစဉ်ရှိနေကြောင်းလည်း သိရသည်။

ယခုတစ်ကြိမ် တွေ့ဆုံဆွေးနွေးပွဲ၏ ပထမနေ့အဖြစ် ယနေ့ဆွေးနွေးရာတွင် ၂၀၀၈ ဖွဲ့စည်းပုံမှ ပြင်ဆင်လိုသည့်အချက်များ၊ ယခင်ဆွေးနွေးပွဲများတွင် ဆွေးနွေးသဘော တူခဲ့သည်များကို အကောင်အထည် ဖော်ရေး ကိစ္စများ ၊ ငြိမ်းချမ်းရေး ညီလာခံဖော်ဆောင်ရေး၊ ဒေသတည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆွေးနွေးပွဲ ဒုတိယနေ့နှင့် တတိယနေ့တို့ကို ဇွန်လ (၂၇) ရ က်နှင့် (၂၈) ရက်တို့တွင်ပါ ဆက်လက်ဆွေး နွေးရန်ရှိနေပြီး ဆွေးနွေးပွဲပြီးဆုံးချိန်ရောက်မှသာ သတင်းထုတ်ပြန်မည့်အခြေအနေဖြစ်ကြောင်း ယခုတစ်ကြိမ်ဆွေးနွေးပွဲတွင် EAO အဖွဲ့များ၏ ပြောရေးဆိုခွင့် တာဝန်ယူထားသ ည့် ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံမှ သိရသည်။

ထို့အပြင် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RC SS)၊ "ဝ"ပြ ည် သွေးစည်းညီညွတ်ရေးတပ်မတော် (UW SA)၊ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တို့နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် NSPNC တို့ သီး ခြားစီ တွေ့ဆုံဆွေးနွေးသွားရန်ရှိနေကြောင်းလည်း နေပြည်တော်မှလာသည့် သတင်းများအရ သိရသည်။